ခိုင်မာတဲ့ အကာအကွယ်ရှိရင် ဘယ်အတားအဆီးကမှ သင်ရည်မှန်းထားတဲ့ “ ပန်းတိုင်” ကို မတားဆီးနိုင်ပါဘူး။ AMI Life ရဲ့ (၁၃) နှစ်ပြည့် အထိမ်းအမှတ်!

ဘဝခရီးလမ်းမှာ မမျှော်လင့်ထားတဲ့ အလှည့်အပြောင်းတွေ ရှိနိုင်ပေမယ့် လူကြီးမင်းတို့ရဲ့ အိပ်မက်တွေကတော့ ရပ်တန့်မသွားရပါဘူး။ AMI Life မြန်မာအသက်အာမခံဟာ လွန်ခဲ့တဲ့ (၁၃) နှစ်ကတည်းက လူကြီးမင်းတို့ စိုးရိမ်ပူပန်မှုမရှိဘဲ ရည်မှန်းချက်ပန်းတိုင်တွေဆီ အရောက်လှမ်းနိုင်ဖို့ နောက်ကွယ်ကနေ ခိုင်ခံ့တဲ့ ဒိုင်းလွှားတစ်ခုလို အကာအကွယ်ပေးလာခဲ့တာဖြစ်ပါတယ်။

အခု (၁၃) နှစ်ပြည့်မြောက်တဲ့အချိန်မှာလည်း ကျွန်တော်တို့ရဲ့ ခံယူချက်က ရှင်းလင်းမြဲပါပဲ – “ ဘဝတိုင်းမှာ ရည်မှန်းချက်ရှိတယ်၊ ရည်မှန်းချက်တိုင်းအတွက် အကာအကွယ်လိုတယ်” ။ လူကြီးမင်းတို့ရဲ့ ရည်ရွယ်ချက်ပန်းတိုင်တိုင်းဆီ စိတ်အေးချမ်းသာစွာ အရောက်လှမ်းနိုင်ဖို့ ကျွန်တော်တို့က အမြဲအနားမှာ ရှိနေပေးမှာပါ။

မိမိတို့ရဲ့ Partner for Life (လက်တွဲဖော်သက်တာဧရာမြန်မာ) အဖြစ် ယုံကြည်စွာ လက်တွဲခဲ့ကြတဲ့အတွက် အထူးကျေးဇူးတင်ရှိပြီး ပိုမိုကောင်းမွန်တဲ့ မနက်ဖြန်တွေကို အတူတူ ဆက်လက်တည်ဆောက်သွားကြရအောင်ခင်ဗျာ။

AMILife #13thAnniversary #ShieldOfSuccess #PanTaing #PartnerForLife
Share Now: