Claims General Knowledge

အကျိုးခံစားခွင့်များ

နှစ်စေ့အကျိုးခံစားခွင့်

အာမခံထားသူသည် အာမခံသက်တမ်းကုန်ဆုံးသည်အထိ သေဆုံးခြင်းအကျိုးခံစားခွင့်၊ ထာဝစဉ်မသန်စွမ်း အကျိုးခံစားခွင့် ခံစားခဲ့ခြင်းမရှိပဲ အသက်ရှင်ကျန်နေပါက အာမခံထားငွေအပြည့်အဝကို ပေါ်လစီပိုင်ရှင်အား ထုတ်ယူခံစားခွင့် ပြုပါသည်။

စာရင်းပိတ်သိမ်း အကျိုးခံစားခွင့်

တည်မြဲသွားသော ပေါ်လစီအတွက် ပေါ်လစီပိုင်ရှင်သည် ပရီမီယံဆက်လက်မပေးသွင်းနိုင်ခြင်းကြောင့် ယင်းပေါ်လစီကို စာရင်းပိတ်ပေါ်လစီအဖြစ် ပြောင်းလဲနိုင်ခွင့်ရှိပါသည်။

အမ်းငွေထုတ်ယူခြင်း အကျိုးခံစားခွင့်

တည်မြဲသွားသော ပေါ်လစီအတွက် ပေါ်လစီပိုင်ရှင်သည် ပေါ်လစီရပ်စဲလိုလျှင် ပေါ်လစီ စာချုပ် အား ပြန်အပ်၍ အမ်းငွေ ထုတ်ယူခွင့်ရှိပါသည်။ အမ်းငွေ တန်ဖိုးသည် အမ်းငွေရသင့် ဇယားပါ နှုန်းအရ ပေါ် မူတည်၍ တွက်ချက်ပါသည်။

ချေးငွေ ထုတ်ယူခြင်း အကျိုးခံစားခွင့်

တည်မြဲသွားသော ပေါ်လစီအတွက် ပေါ်လစီပိုင်ရှင်သည် ချေးငွေချေးယူခွင့်ရှိပါသည်။

ထာဝစဉ်မသန်စွမ်း အကျိုးခံစားခွင့်

အာမခံထားသူသည် အာမခံသက်တမ်းအတွင်း ထာဝစဉ်မသန်စွမ်းဖြစ်၍ ဝင်ငွေရရှိနေသောအလုပ်ကို လုံးဝလုပ်ကိုင်နိုင်ခြင်း မရှိတော့လျှင် အာမခံထားငွေအပြည့်အဝကို ပေါ်လစီပိုင်ရှင်အား ထုတ်ယူခံစားခွင့် ပြုပါသည်။ အကယ်၍ စာရင်းပိတ်ပေါ်လစီအဖြစ် ပြောင်းလဲထားပါက စာရင်းပိတ်တန်ဖိုးအား ခံစားခွင့် ပြုပါသည်။

သေဆုံးမှုအကျိုးခံစားခွင့်

အာမခံထားသူသည် အာမခံသက်တမ်းအတွင်းသေဆုံးခဲ့လျှင် အာမခံထားငွေအပြည့်အဝကို အကျိုးခံစားခွင့် ရှိသူအား ထုတ်ယူခံစားခွင့် ပြုပါသည်။ အကယ်၍ စာရင်းပိတ်ပေါ်လစီအဖြစ် ပြောင်းလဲထားပါက စာရင်းပိတ်တန်ဖိုးအား ခံစားခွင့် ပြုပါသည်။

လျော်ကြေး အကျုံး မဝင်သော အချက်များ

  • အာမခံစသည့်နေ့မှ တစ်နှစ်အတွင်း မိမိကိုယ်ကို သတ်သေခြင်း။
  • အာမခံဝယ်ယူစဉ်က ဖော်ပြရန် ထိန်ချန်ခဲ့သော ရှိရင်းစွဲ ရောဂါကြောင့် ပေါ်လစီ စတင်သည့်တစ်နှစ်အတွင်း သေဆုံးခြင်း။
  • မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ဖြစ်သည့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း။
  • ဘေးအန္တရာယ်ဖြစ်စေသော ဆေးကို မှီဝဲခြင်းကြောင့်ဖြစ်သည့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း။
  • ကြိုတင်ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကို အနာတရဖြစ်အောင်လုပ်ခြင်းကြောင့် ဖြစ်သည့် ထာဝစဉ် မသန်စွမ်း ဖြစ်ခြင်း။
  • မိမိကိုယ်ကို သတ်သေခြင်းကြောင့် မသေဘဲ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း။
  • ကိုယ်တိုင်ရာဇဝတ်မှုကျူးလွန်ခြင်းကြောင့်ဖြစ်သည့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း။
  • အာမခံဝယ်ယူစဉ်က ဖော်ပြရန်ထိန်ချန်ခဲ့သော ရှိရင်းစွဲရောဂါကြောင့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း။
ပညာရေးအကျိုးခံစားခွင့်

ပရီမီယံသက်တမ်းပြီးသည်အထိ ပရီမီယံပေးသွင်းပြီးသည့်နောက် ပညာရေးအကျိုးခံစားခွင့်အဖြစ် ပရီမီယံသက်တမ်းပြည့်နေ့ မှ စတင်၍ အာမခံထားငွေ၏ ၂၅% ကို ၄ နှစ်ဆက်တိုက် အညီအမျှ အာမခံထားသူသို့ ထုတ်ပေးပါသည်။

ပရီမီယံကင်းလွတ်ခွင့်

ပေါ်လစီတည်မြဲနေစဉ်ကာလအတွင်း စာသင်သားအသက်အာမခံပေါ်လစီရှင် သေဆုံးလျှင်ဖြစ်စေ၊ ရောဂါ ကြောင့် သော်လည်းကောင်း၊ မတော်တဆထိခိုက်မှုကြောင့်သော်လည်းကောင်း၊ ထာဝစဉ်မသန်စွမ်းဖြစ်လျှင် ဖြစ်စေ ဆက်လက် ပေးသွင်းရန် ကျန်ရှိသော ပရီမီယံကိုပေးသွင်းရန်မလိုဘဲကင်းလွတ်ခွင့်ပြုပါသည်။

ထာဝစဉ်မသန်စွမ်းအကျိုးခံစားခွင့်

ပေါ်လစီတည်မြဲနေစဉ်ကာလအတွင်းအာမခံထားသူ(ကလေး)ရောဂါကြောင့်သော်လည်းကောင်း၊ မတော်တဆထိ ခိုက်မှုကြောင့်သော်လည်းကောင်း၊ ထာဝစဉ်မသန်စွမ်းဖြစ်လျှင် အာမခံထားသူ(ကလေး) သည်အသက်(၁)နှစ်မှ(၃)နှစ်အတွင်းဖြစ်ပါကအာမခံထားငွေ၏ ၂၅%သာထုတ်ပေးမည်ဖြစ်ပြီး အာမခံ ထားသူ(ကလေး) အသက်(၃)နှစ်ပြည့်ပြီး သည့်နေ့မှနောက်ပိုင်းထာဝစဉ်မသန်စွမ်း ဖြစ်လျှင်အာမခံ ထားငွေကို ထုတ်ပေးမည်ဖြစ်ပါသည်။

ချေးငွေထုတ်ယူခြင်းအကျိုးခံစားခွင့်

အာမခံဝယ်ယူသူသည်(၃)နှစ်တစ်ဆက်တည်းပရီမီယံပေးသွင်းပြီးနောက် ပေါ်လစီတစ်စောင်မှချေးငွေရယူနိုင်ခွင့်ရှိသည်။ အမ်းငွေရသင့်တန်ဖိုး၏ ၉၀%ကို ငွေချေးပေးပါသည်။

အမ်းငွေထုတ်ယူခြင်းအကျိုးခံစားခွင့်

အာမခံဝယ်ယူသူသည် (၃)နှစ် တစ်ဆက်တည်းပရီမီယံပေးသွင်းပြီးသည့် ပေါ်လစီတစ်စောင်အား အကြောင်းကြောင်းကြောင့် ဖျက်သိမ်းလိုလျှင် အမ်းငွေထုတ်ယူနိုင်ပါသည်။ အမ်းငွေနှုန်းထား ဇယားပါ အတိုင်း ရခွင့်ရှိသည့် အမ်းငွေရသင့်တန် ဖိုးကိုအာမခံဝယ်ယူသူသို့တစ်လုံးတည်းထုတ်ပေးပါမည်။

စာရင်းပိတ်သိမ်းအကျိုးခံစားခွင့်

အာမခံဝယ်ယူသူသည်ပရီမီယံကို(၃)နှစ်တစ်ဆက်တည်းသွင်းပြီး နောက်တွင် အကြောင်းတစ်စုံတစ်ရာ ကြောင့်ပရီမီယံဆက်လက်မသွင်းနိုင်တော့ကြောင်း အကြောင်းကြားလျှင်စာရင်းပိတ်ပေါ်လစီ အဖြစ် ပြောင်းလဲ သတ်မှတ်ပေးပါမည်။

သေဆုံးမှုအကျိုးခံစားခွင့်

ပေါ်လစီတည်မြဲနေစဉ်ကာလအတွင်းအာမခံထားသူ(ကလေး)သေဆုံးခဲ့လျှင်အာမခံထားသည့် ရင်သွေး ငယ်သည် အသက်(၁)နှစ်မှ(၃)နှစ်အတွင်း ဖြစ်ပါက အာမခံထားငွေ၏၂၅%သာ ထုတ်ပေးမည်ဖြစ်ပြီး အာမခံထားသူ(ကလေး)အသက်(၃)နှစ်ပြည့်ပြီးသည့်နေ့မှနောက်ပိုင်း သေဆုံးခဲ့လျှင် အာမခံထားငွေကို ထုတ်ပေးမည်ဖြစ်ပါသည်။

လျော်ကြေး အကျုံး မဝင်သော အချက်များ

  • အာမခံစသည့်နေ့မှတစ်နှစ်အတွင်းမိမိကိုယ်ကိုသတ်သေခြင်း။
  • အာမခံဝယ်ယူစဉ်ကဖော်ပြရန်ထိန်ချန်ခဲ့သောရှိရင်းစွဲရောဂါကြောင့်ဖြစ်ခြင်း။
  • အာမခံစသည့်နေ့မှတစ်နှစ်အတွင်းကြိုတင်ရည်ရွယ်ချက်ဖြင့်မိမိကိုယ်ကိုအနာတရဖြစ် အောင် ပြု လုပ် ခြင်း
  • မူးယစ်ဆေးဝါးသုံးစွဲခြင်း
  • ဘေးအန္တရာယ်ဖြစ်စေသောဆေးကိုမှီဝဲခြင်း
  • ကိုယ်တိုင်ရာဇဝတ်မှုကျူးလွန်ခြင်း
အခြေခံ အကျိုးခံစားခွင့် အကာအကွယ်
  • ပညာရေးအကျိုးခံစားခွင့်
    ပရီမီယံသက်တမ်းပြီးသည်အထိ ပရီမီယံပေးသွင်းပြီးသည့်နောက် ပညာရေးအကျိုးခံစားခွင့်အဖြစ် ပရီမီယံသက်တမ်းပြည့်နေ့ မှ စတင်၍ အာမခံထားငွေ၏ ၂၀% ကို ၅ နှစ်ဆက်တိုက် အညီအမျှ အာမခံထားသူသို့ ထုတ်ပေးပါသည်။
  • ပရီမီယံ ကင်းလွတ်ခွင့်
    အာမခံထားရှိသူသည် ပေါ်လစီတည်မြဲနေစဉ်အတွင်း သေဆုံးခဲ့လျှင် သော်လည်းကောင်း၊ ထာဝစဉ် လုံးဝ မသန်စွမ်းခဲ့လျှင် သော်လည်းကောင်း ထိုထိခိုက်ဆုံးရှုံးမှု ဖြစ်ပွားပြီးနောက်ပိုင်း ပရီမီယံ ကြေးပေးသွင်း ရမည့်ရက် ရောက်သည့်နေ့မှစ၍ ပရီမီယံကြေးပေးသွင်းသည့်ကာလ ပြီးဆုံးချိန်အထိ ပေါ်လစီရှင်မှ အာမခံ ကုမ္ပဏီသို့ ပေးသွင်းရန် ကျန်ရှိသော ပရီမီယံများအားလုံးကို ဆက်လက်ပေးသွင်းရန် မလိုတော့ဘဲ ကင်းလွတ် ခွင့် ရှိပါသည်။
  • ချေးငွေ ထုတ်ယူခြင်း အကျိုးခံစားခွင့်
    အာမခံဝယ်ယူသူသည်(၃)နှစ်တစ်ဆက်တည်းပရီမီယံပေးသွင်းပြီးနောက် ပေါ်လစီတစ်စောင်မှချေးငွေရယူနိုင်ခွင့်ရှိသည်။ အမ်းငွေရသင့်တန်ဖိုး၏ ၉၀%ကို ငွေချေးပေးပါသည်။
  • အမ်းငွေထုတ်ယူခြင်းအကျိုးခံစားခွင့်
    အာမခံဝယ်ယူသူသည် (၃)နှစ် တစ်ဆက်တည်းပရီမီယံပေးသွင်းပြီးသည့် ပေါ်လစီတစ်စောင်အား အကြောင်းကြောင်းကြောင့် ဖျက်သိမ်းလိုလျှင် အမ်းငွေထုတ်ယူနိုင်ပါသည်။ အမ်းငွေနှုန်းထား ဇယားပါ အတိုင်း ရခွင့်ရှိသည့် အမ်းငွေရသင့်တန် ဖိုးကိုအာမခံဝယ်ယူသူသို့တစ်လုံးတည်းထုတ်ပေးပါမည်။
  • စာရင်းပိတ်သိမ်း အကျိုးခံစားခွင့်
    အာမခံဝယ်ယူသူသည်ပရီမီယံကို(၃)နှစ်တစ်ဆက်တည်းသွင်းပြီး နောက်တွင် အကြောင်းတစ်စုံတစ်ရာ ကြောင့်ပရီမီယံဆက်လက်မသွင်းနိုင်တော့ကြောင်း အကြောင်းကြားလျှင်စာရင်းပိတ်ပေါ်လစီ အဖြစ် ပြောင်းလဲ သတ်မှတ်ပေးပါမည်။
နှစ်ထပ်ကွမ်း အကျိုးခံစားခွင့် အကာအကွယ်
  • ပညာရေးအကျိုးခံစားခွင့်
    ပရီမီယံသက်တမ်းပြီးသည်အထိ ပရီမီယံပေးသွင်းပြီးသည့်နောက် ပညာရေးအကျိုးခံစားခွင့်အဖြစ် ပရီမီယံသက်တမ်းပြည့်နေ့ မှ စတင်၍ အာမခံထားငွေ၏ ၂၀% ကို ၅ နှစ်ဆက်တိုက် အညီအမျှ အာမခံထားသူသို့ ထုတ်ပေးပါသည်။
  • ပရီမီယံကင်းလွတ်ခွင့်
    အာမခံထားရှိသူသည် ပေါ်လစီတည်မြဲနေစဉ်အတွင်း သေဆုံးခဲ့လျှင် သော်လည်းကောင်း၊ ထာဝစဉ် လုံးဝ မသန်စွမ်းခဲ့လျှင် သော်လည်းကောင်း ထိုထိခိုက်ဆုံးရှုံးမှု ဖြစ်ပွားပြီးနောက်ပိုင်း ပရီမီယံ ကြေးပေးသွင်း ရမည့်ရက် ရောက်သည့်နေ့မှစ၍ ပရီမီယံကြေးပေးသွင်းသည့်ကာလ ပြီးဆုံးချိန်အထိ ပေါ်လစီရှင်မှ အာမခံ ကုမ္ပဏီသို့ ပေးသွင်းရန် ကျန်ရှိသော ပရီမီယံများအားလုံးကို ဆက်လက်ပေးသွင်းရန် မလိုတော့ဘဲ ကင်းလွတ် ခွင့် ရှိပါသည်။
  • ထာဝစဉ် မသန်စွမ်း အကျိုးခံစားခွင့်
    ပညာရေးအာမခံ နှစ်ထပ်ကွမ်း အကျိုးခံစားခွင့်ပုံစံ (Double Benefit Plan) အမျိုးအစားကို ဝယ်ယူထားသော အာမခံထားသူသည် ပေါ်လစီတည်မြဲနေစဉ်အတွင်း ရုတ်တရက် ထိခိုက်ခြင်း ကြောင့် လည်းကောင်း၊ ရောဂါကြောင့်လည်းကောင်း ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်၍ ဝင်ငွေရရှိသော အလုပ်အကိုင်ကို လုံးဝမလုပ်ကိုင်နိုင်လျှင် အာမခံထားငွေကို တစ်လုံးတည်း ထုတ်ပေးပါမည်။
  • ချေးငွေ ထုတ်ယူခြင်းအကျိုးခံစားခွင့်
    အာမခံဝယ်ယူသူသည်(၃)နှစ်တစ်ဆက်တည်းပရီမီယံပေးသွင်းပြီးနောက် ပေါ်လစီတစ်စောင်မှချေးငွေရယူနိုင်ခွင့်ရှိသည်။ အမ်းငွေရသင့်တန်ဖိုး၏ ၉၀%ကို ငွေချေးပေးပါသည်။
  • အမ်းငွေ ထုတ်ယူခြင်း အကျိုးခံစားခွင့်
    အာမခံဝယ်ယူသူသည် (၃)နှစ် တစ်ဆက်တည်းပရီမီယံပေးသွင်းပြီးသည့် ပေါ်လစီတစ်စောင်အား အကြောင်းကြောင်းကြောင့် ဖျက်သိမ်းလိုလျှင် အမ်းငွေထုတ်ယူနိုင်ပါသည်။ အမ်းငွေနှုန်းထား ဇယားပါ အတိုင်း ရခွင့်ရှိသည့် အမ်းငွေရသင့်တန် ဖိုးကိုအာမခံဝယ်ယူသူသို့တစ်လုံးတည်းထုတ်ပေးပါမည်။
  • စာရင်းပိတ်သိမ်း အကျိုးခံစားခွင့်
    အာမခံဝယ်ယူသူသည်ပရီမီယံကို(၃)နှစ်တစ်ဆက်တည်းသွင်းပြီး နောက်တွင် အကြောင်းတစ်စုံတစ်ရာ ကြောင့်ပရီမီယံဆက်လက်မသွင်းနိုင်တော့ကြောင်း အကြောင်းကြားလျှင်စာရင်းပိတ်ပေါ်လစီ အဖြစ် ပြောင်းလဲ သတ်မှတ်ပေးပါမည်။
  • သေဆုံးမှုအကျိုးခံစားခွင့်
    အာမခံသက်တမ်းအတွင်း ပညာရေးအသက်အာမခံနှစ်ထပ်ကွမ်း အကျိုးခံစားခွင့်ပုံစံ (Double Benefit Plan) အမျိုးအစားကို ဝယ်ယူထားသော အာမခံထားသူ သေဆုံးပါက အာမခံထားငွေကို အကျိုးခံစားခွင့်ရှိသူအား ထုတ်ပေးပါမည်။

လျော်ကြေး အကျုံး မဝင်သော အချက်များ

  • အာမခံစသည့်နေ့မှတစ်နှစ်အတွင်းမိမိကိုယ်ကိုသတ်သေခြင်း။
  • အာမခံဝယ်ယူစဉ်ကဖော်ပြရန်ထိန်ချန်ခဲ့သောရှိရင်းစွဲရောဂါကြောင့်ဖြစ်ခြင်း။
  • အာမခံစသည့်နေ့မှတစ်နှစ်အတွင်းကြိုတင်ရည်ရွယ်ချက်ဖြင့်မိမိကိုယ်ကိုအနာတရဖြစ် အောင် ပြု လုပ် ခြင်း
  • မူးယစ်ဆေးဝါးသုံးစွဲခြင်း
  • ဘေးအန္တရာယ်ဖြစ်စေသောဆေးကိုမှီဝဲခြင်း
  • ကိုယ်တိုင်ရာဇဝတ်မှုကျူးလွန်ခြင်း
အခြေခံအကာအကွယ်
  • ဆေးရုံတက်ခြင်းကုန်ကျမှုစရိတ် 
    ဆေးကုသရန် ရည်ရွက်ချက်ဖြင့် ဆေးရုံတက်သည့်အခါ(တစ်ယူနစ်လျှင် ဆေးရုံတက်ရက် တစ်ရက် အတွက် ကျပ် ၁၀,၀၀၀ ဖြင့် တစ်နှစ်လျှင် အများဆုံး ရက် ၆၀ အထိသာ)။
  • သေဆုံးမှုအကျိုးခံစားခွင့်
    အာမခံထားသူ သည် အာမခံသက်တမ်း အတွင်း သေဆုံးမှု ဖြစ်ခဲ့လျှင် တစ်ယူနစ် လျှင် ကျပ် ၁,၀၀၀,၀၀၀ ဖြင့် ဝယ်ယူထားသည့် ယူနစ် အလိုက် အာမခံထားငွေအား အကျိုးခံစားခွင့် ရှိသူသို့ တလုံးတည်း ထုတ်ပေးပါသည်။
အကာအကွယ် ၁
  • ခွဲစိတ်ကုသမှု စရိတ်များ အကျိုးခံစားခွင့်
    တစ်ကိုယ်လုံးမေ့ဆေး (သို့မဟုတ်) ကိုယ်တစ်ပိုင်း ထုံဆေးဖြင့် ခွဲစိတ်ကုသမှု ကိုခံယူသည့်အခါ အမှန်တကယ် တိုက်ရိုက်ကုန်ကျစရိတ်။ တစ်ယူနစ် လျှင် ကျပ် ၅၀၀,၀၀၀ ဖြင့် အများဆုံး ဝယ်ယူထားသည့် ယူနစ် အထိသာ။
အကာအကွယ် ၂
  • ဆေးခန်းပြသခြင်း
    ဆေးကုသရန် ရည်ရွယ်ချက်ဖြင့် ဆေးရုံ/ဆေးခန်း ပြသသည့်အခါတစ်ယူနစ်လျှင် ကျပ် ၂,၅၀၀ ဖြင့် အများဆုံးဝယ်ယူထားသည့် ယူနစ် အထိသာ။

လျော်ကြေး အကျုံး မဝင်သော အချက်များ

အောက်ဖော်ပြပါ ကိစ္စရပ်တခုခုနှင့် ပတ်သက်၍ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဖြစ်ပေါ်ခံစားရသော ဒဏ်ရာရခြင်း၊ ရောဂါရရှိခြင်း၊ ဆေးရုံတက်ရခြင်း၊ ခွဲစိတ်ကုသရခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း၊ သေဆုံးခြင်း၊ ဆေးရုံ/ဆေးခန်း ပြသခြင်း တို့အတွက် အကျိုးခံစားခွင့် အကျုံးဝင်မည် မဟုတ်ပါ။

  • ဆေးကုသမှုခံယူနေခြင်း၊ ဆေးကုသရန် ဆရာဝန်၏ ထောက်ခံချက်ကို ရရှိထားခြင်း၊ ရောဂါလက္ခဏာ ရှိပြီးသားဖြစ်နေခြင်း။
  • သားဖွားခြင်း၊ ဗိုက်ခွဲမွေးခြင်း၊ မီးဖွားခြင်းနှင့်ဆိုင်သော ခွဲစိတ်ကုသမှု။ သို့သော် အာမခံထားပြီးနောက် ကိုယ်ဝန်နှင့် အာမခံထားချိန်တွင် ပုံမှန်ဖြစ်နေသော ကိုယ်ဝန်ကြောင့် ဖြစ်လာသည့် တွဲဖက်ရောဂါများ (ကိုယ်ဝန်ဆိပ်သင့်ခြင်း၊ ကိုယ်ဝန်ဆောင်သွေးတိုးရောဂါ၊ ကိုယ်ဝန်ဆောင် ဆီးချိုရောဂါစသည်တို့) ကြောင့် ဆေးရုံတက်ခြင်းနှင့် ခွဲစိတ်ကုသခြင်းသည် အကျိုးခံစားခွင့် ပေးချေရန် အကျုံးဝင်သည်။ ထို့အပြင် ကိုယ်ဝန်ပျက်ကျခြင်းသည် ရွေးချယ်နိုင်သည့် အာမခံအကာအကွယ် (၁)ကို ဝယ်ယူထားပါက အကျိုးခံစားခွင့် ပေးချေရန် အကျုံးဝင်သည်။
  • စိတ်ပေါ့သွပ်ခြင်း (Psychosis)၊ စိတ်ရောဂါဝေဒနာများကြောင့် ဖြစ်ခြင်း (Mental Disorders)
  • ကျန်းမာရေးစစ်ဆေးရန်နှင့် အနားယူအားမွေးရန် ဆေးရုံတက်ခြင်း
  • သားသမီး ရလိုမှုဖြင့် ဆေးရုံတက်ခြင်းနှင့် ခွဲစိတ်ကုသခြင်း
  • မတော်တဆထိခိုက်ဒဏ်ရာရခြင်းမှအပဖြစ်သော သွားနှင့်ပတ်သက်သည့် ကုသမှုအတွက် ဖြစ်ခြင်း
  • မတော်တဆထိခိုက်ဒဏ်ရာရခြင်းမှ အပဖြစ်သော မျက်မှန်အပါအဝင် မျက်စိစမ်းသပ်ခြင်း၊ အမြင်သွေဖယ်ခြင်း၊ မျက်စိကုသခြင်း၊ အမြင်အာရုံကောင်းမွန်လာအောင် ပြုပြင်ရန်ဖြစ်ခြင်း
  • အလှအပ အတွက်ဖြစ်ခြင်း
  • နားကြားကိရိယာ တပ်ဆင်ရန်အတွက်ဖြစ်ခြင်း
  • ကိုယ်ခန္ဓာ ချို့ယွင်းခြင်း (Physical Defect) (သို့မဟုတ်) မသန်စွမ်းခြင်း (infirmity)
  • မူးယစ်ဆေးဝါးသုံးစွဲခြင်း
  • ကိုယ်တိုင်ရာဇဝတ်မှု ကျူးလွန်ခြင်း
  • AIDS/HIV ဖြစ်ခြင်း
  • အကြမ်းဖက်ဖျက်စီးခြင်း၊ အဓိကရုဏ်း၊ စစ်နှင့် စစ်အသွင်ဖြစ်ပွားခြင်း (စစ်ပြုခြင်းများ၊ စစ်ပွဲကဲ့သို့ တိုက်ခိုက်ခြင်း၊ စစ်တပ် (သို့မဟုတ်) အာဏာသိမ်းခြင်းနှင့် ဖော်ပြပါ ဖြစ်ရပ်တစ်ခုခုနှင့် တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်သော အကျိုးသက်ရောက်မှု တစ်ရပ်ရပ်ကြောင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း၊ နီးကပ်စွာသော်လည်းကောင်း၊ ဝေးလံစွာသော်လည်းကောင်း ဖြစ်ပေါ်စေသော၊ အားပေးသော၊ အခြေခံသော၊ ပေါ်ပေါက်သော မည်သည့် မတော်တဆ ဖြစ်ပွားခြင်း၊ ဆုံးရှုံးခြင်း၊ ပျက်စီးခြင်း)
  • ရောဂါကြောင့် ဆေးရုံတက်ရက်ပေါင်းသည် ၃ရက်နှင့် အောက် ဖြစ်သော ဆေးကုသမှုများ
  • လိမ်လည်တောင်းခံသည့် ဖြစ်ရပ်များ
  • မိမိကိုယ်ကိုသတ်သေခြင်း (သို့မဟုတ်) မိမိကိုယ်ကို ဒဏ်ရာအနာတရဖြစ်အောင် ပြုလုပ်ခြင်း
ပြင်းထန်သောရောဂါကုသခြင်း သို့မဟုတ် ပြင်းထန်သောရောဂါကြောင့်သေဆုံးခြင်း

အောက်ဖော်ပြပါ ပြင်းထန်သော ရောဂါ (၁၀) မျိုး ကုသမှု ခံယူရသည့်အခါ တစ်ယူနစ် လျှင် ကျပ် ၁,၀၀၀,၀၀၀ မှ ဝယ်ယူထားသော ယူနစ် အထိသာ

  • နှလုံးရပ်ခြင်း
  • လေဖြတ်ခြင်း
  • ကင်ဆာ
  • ကျောက်ကပ်ပျက်စီးခြင်း
  • အကြီးစားခန္ဒာကိုယ်တွင်း အင်္ဂါများ အစားထိုးကုသရခြင်း
  • နှလုံးအဆို့ရှင်အစားထိုးခြင်း (သို့) ပြုပြင်ခြင်း
  • လမ်းကြောင်းလွှဲ၍​နှလုံးခွဲစိတ်ကုသခြင်း
  • ပြင်းထန်စွာ မီးလောင်ခြင်း
  • သတိမေ့ခြင်း
  • ဘက်တီးရီးယားကြောင့်ဖြစ်သော ဦးနှောက်အမြှေးရောင်ခြင်း
သေဆုံးမှုအကျိုးခံစားခွင့်

အာမခံထားသူသည် အာမခံသက်တမ်းအတွင်း ပြင်းထန်သော ရောဂါ ကြောင့် သေဆုံးမှုဖြစ်ခဲ့လျှင် တစ်ယူနစ်လျှင် ကျပ် ၁,၀၀၀,၀၀၀ ဖြင့် ဝယ်ယူထားသည့် ယူနစ် အလိုက် အာမခံထားငွေ အား အကျိုးခံစားခွင့် ရှိသူသို့ တလုံးတည်း ထုတ်ပေးပါသည်။

လျော်ကြေး အကျုံး မဝင်သော အချက်များ

အောက်ဖော်ပြပါ ကိစ္စ ရပ်တခုခုနှင့် ပတ်သက်၍ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဖြစ်ပေါ်ခံစားရသော ပြင်းထန်သောရောဂါ (သို့မဟုတ်) သေဆုံးခြင်း တို့အတွက် အကျိုးခံစားခွင့် အကျုံးဝင်မည် မဟုတ်ပါ။

  • ကျန်းမာရေးဆေးစစ်ရန်နှင့် အနားယူအားမွေးရန် ဆေးရုံတက်ခြင်း

  • အာမခံစသည့်နေ့ (သက်တမ်းဆက်စာချုပ်ဖြစ်ပါက သက်တမ်းမဆက်မီ စာချုပ်၏ အာမခံစသည့်နေ့) မှစပြီး ရက်ပေါင်း ၉၀ အတွင်း ရောဂါအမည် သတ်မှတ်ခံထားရသည့် ကင်ဆာဖြစ်သော အလုံးအကျိတ် (Malignant Tumor) ကိုကုသခြင်း
  • Carcinoma in situ/ Intraepithelial Neoplasm (အက်ပီသီလျှမ်အလွှာအတွင်း အလုံး အကျိတ်၊ အရေပြား၊ အသက်ရှူ၊ အစာနှင့် ဆီးလမ်းကြောင်းတို့၏ အခေါင်းအင်္ဂါလမ်းကြောင်း အားလုံးရှိ အက်ပီသီလျှမ်ဆဲလ် အလွှာတွင် အလုံးအကျိတ် ဖြစ်ပွားခြင်း။
ထိခိုက်ဒဏ်ရာရရှိမှုအကျိုးခံစားခွင့်

ထိခိုက်ဒဏ်ရာ ရရှိခြင်းအတွက် ရရှိသည့် ဒဏ်ရာပေါ်မူတည်၍ ဆရာဝန်၏ ထောက်ခံချက်ဖြင့် အာမခံထားငွေအပေါ် ရာခိုင်နှုန်းအလိုက် အကျိုးခံစားခွင့်ရရှိပါသည်။

ထာဝစဉ်မသန်စွမ်းအကျိုးခံစားခွင့်

အာမခံထားသူသည် အာမခံသက်တမ်းအတွင်း မတော်တဆထိခိုက်မှုကြောင့် ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်၍ ဝင်ငွေရရှိသော အလုပ်အကိုင်ကို လုံးဝမလုပ်ကိုင်နိုင်လျှင် အာမခံထားငွေအား အကျိုးခံစားခွင့်ရှိသူသို့ တလုံးတည်းထုတ်ပေးပါသည်။

သေဆုံးမှုအကျိုးခံစားခွင့်

အာမခံထားသူသည် မတော်တဆထိခိုက်မှုကြောင့် သေဆုံးမှုဖြစ်ခဲ့လျှင် အာမခံထားငွေအား အကျိုးခံစားခွင့်ရှိသူသို့  တလုံးတည်းထုတ်ပေးပါသည်။

လျော်ကြေး အကျုံး မဝင်သော အချက်များ

  • ကြိုတင်ကြံရွယ်ချက်ဖြင့် မိမိကိုယ်ကို ဒဏ်ရာ အနာတရဖြစ်စေခြင်း၊ မသန်စွမ်းဖြစ်စေခြင်းနှင့် သေဆုံးစေခြင်း
  • မူးယစ်စေတတ်သော ဆေးဝါးသုံးစွဲထားစဉ် (သို့မဟုတ်) သုံးစွဲခြင်းကြောင့် ဒဏ်ရာအနာတရဖြစ်စေခြင်း၊ မသန်စွမ်းဖြစ်စေခြင်း နှင့် သေဆုံးစေခြင်း
  • ရောဂါကြောင့်သေဆုံးခြင်း၊ မသန်စွမ်းဖြစ်ခြင်း
  • စစ်ဖြစ်ပွားခြင်း (စစ်ကြေညာသည်ဖြစ်စေ၊ မကြေညာသည်ဖြစ်စေ) စစ်အသွင်တိုက်ခိုက်ခြင်း၊ ပြည်တွင်းစစ်၊ ပုန်ကန်ခြင်း
  • အဓိကရုဏ်း၊ စစ်တပ် (သို့မဟုတ်) လူထုအုံကြွခြင်း၊ သောင်းကျန်းခြင်း၊ သူပုန်ထခြင်း၊ တော်လှန်ရေး၊ စစ်တပ်အာဏာသိမ်းခြင်း
  • စစ်အမိန့်ထုတ်ပြန်ခြင်း (သို့မဟုတ်) သိမ်းပိုက်ထားခြင်း၊ ပြည်တွင်းဆူပူသောင်းကျန်းခြင်း၊ ၎င်းတို့ကို ဖြစ်ပေါ်စေသော အကြောင်းရင်းများ (သို့မဟုတ်) ၎င်းတို့၏ အကျိုးဆက်များကြောင့် ဒဏ်ရာရခြင်း၊ မသန်စွမ်းဖြစ်ခြင်းနှင့် သေဆုံးခြင်း
  • ရာဇဝတ်မှုကျူးလွန်ရာမှ ဒဏ်ရာအနာတရဖြစ်ခြင်း၊ မသန်စွမ်းဖြစ်ခြင်းနှင့် သေဆုံးခြင်း
  • သူတစ်ပါး၏ လက်ချက်ကြောင့်ဖြစ်စေ၊ သူတစ်ပါး၏ ကြိုးပမ်းအားထုတ်မှုကြောင့်ဖြစ်စေ၊ ယင်းနှင့် စပ်လျဉ်း၍ ဖြစ်စေ၊ ဒဏ်ရာရခြင်း၊ မသန်စွမ်းဖြစ်ခြင်းနှင့် သေဆုံးခြင်း
ထိခိုက်ဒဏ်ရာ ရရှိမှု အကျိုးခံစားခွင့်

ထိခိုက်ဒဏ်ရာ ရရှိခြင်းအတွက် ရရှိသည့် ဒဏ်ရာပေါ်မူတည်၍ ဆရာဝန်၏ ထောက်ခံချက်ဖြင့် အာမခံထားငွေအပေါ် ရာခိုင်နှုန်းအလိုက် အကျိုးခံစားခွင့်ရရှိပါသည်။

ထာဝစဉ်မသန်စွမ်း အကျိုးခံစားခွင့်

အာမခံထားသူသည် ထိခိုက်မှုကြောင့်သော်လည်းကောင်း၊ ရောဂါကြောင့်သော်လည်းကောင်း ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်၍ ဝင်ငွေရရှိသော အလုပ်အကိုင်ကို လုံးဝမလုပ်ကိုင်နိုင်လျှင် အာမခံထားငွေအား အကျိုးခံစားခွင့်ရှိသူသို့ တလုံးတည်းထုတ်ပေးပါသည်။

ဆေးရုံတက်ခြင်းကုန်ကျမှုစရိတ်

မတော်တဆမှု ကြောင့် ဆေးရုံတက်သည့်အခါ ဆေးရုံတက်ရက် တစ်ရက်အတွက် အာမခံထားငွေ၏ ၂၀ ရာခိုင်နှုန်း ဖြင့် တစ်ကြိမ်လျှင် အများဆုံး ၅ရက်ဖြင့် အာမခံသက်တမ်းအတွင်း ၃ ကြိမ် အထိ အကျိုးခံစားခွင့်ရှိပါသည်။

သေဆုံးမှုအကျိုးခံစားခွင့်

အာမခံထားသူသည် မတော်တဆထိခိုက်မှုကြောင့်သော်လည်းကောင်း၊ ရောဂါကြောင့်သော်လည်းကောင်း သေဆုံးမှုဖြစ်ခဲ့လျှင် အာမခံထားငွေအား အကျိုးခံစားခွင့်ရှိသူသို့ တလုံးတည်းထုတ်ပေးပါသည်။

လျော်ကြေး အကျုံး မဝင်သော အချက်များ

  • မိမိကိုယ်ကို သတ်သေခြင်း။
  • အာမခံထားသူကိုယ်တိုင် ရာဇဝတ်မှုကျူးလွန်ခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိခြင်း၊ဆေးရုံတက် ရောက်ကုသရခြင်း၊ သေဆုံးခြင်း။
  • အာမခံထားသူကိုယ်တိုင် အရက်/ မူးယစ်ဆေးဝါးသုံးစွဲ/ ဖြတ်ခြင်း တို့ကြောင့် ထိခိုက် ဒဏ်ရာရခြင်း/ ဆေးရုံတက် ရောက်ကုသရခြင်း/သေဆုံးခြင်း။
  • နားကြားကိရိယာ တပ်ဆင်ခြင်းအတွက် ကုန်ကျစရိတ်များ။
  • လိမ်လည်တောင်းခံသည့် ဖြစ်ရပ်များ။
  • ရောဂါရှာဖွေ စစ်ဆေးခြင်းအတွက် ကုန်ကျစရိတ်များ။
  • သားသမီးရလိုမှုဖြင့် ဆေးကုသခြင်းများအတွက် ကုန်ကျစရိတ်များ။
  • မတော်တဆ ထိခိုက်ဒဏ်ရာရခြင်းမှ အပဖြစ်သော သွားနှင့်ပတ်သတ်သည့်ကုသမှုများအတွက် ကုန်ကျစရိတ်များ။
  • မတော်တဆထိခိုက်ဒဏ်ရာရခြင်းမှ အပဖြစ်သော မျက်မှန်တပ်ခြင်း ၊မျက်စိစမ်းသပ်ခြင်း၊ အမြင်သွေဖယ်ခြင်း၊မျက်စိခွဲစိတ်ကုသခြင်းတို့အတွက် ကုန်ကျစရိတ်များ
  • အလှအပအတွက် ခွဲစိတ်ပြုပြင်ခြင်းများအတွက် ကုန်ကျစရိတ်များ။
  • မွေးရာပါ ပုံမှန်မဟုတ်သောရောဂါ (သို့မဟုတ်) ပုံစံပျက်ယွင်းခြင်းအတွက် ခွဲစိတ်ကုသခြင်းများကြောင့်
    ကုန်ကျစရိတ်များ။
  • အာမခံထားသူသေဆုံးခြင်း၊ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း၊ထိခိုက်ဒဏ်ရာရရှိခြင်းနှင့်ဆေးရုံတက်ရောက်ကုသခြင်း အတွက် အကျိုးခံစားခွင့်တောင်းခံခြင်းကိုဖြစ် ပွားသည့် နေ့မှစ၍ တစ်နှစ်ကျော်မှ တောင်းခံသည့်ကိစ္စများ
မတော်တဆ ထိခိုက်ဒဏ်ရာ ရရှိမှုများ

ထိခိုက်ဒဏ်ရာ ရရှိခြင်းအတွက် ရရှိသည့် ဒဏ်ရာပေါ်မူတည်၍ ဆရာဝန်၏ ထောက်ခံချက်ဖြင့် အာမခံထားငွေအပေါ် ရာခိုင်နှုန်းအလိုက် အကျိုးခံစားခွင့်ရရှိပါသည်။

ထာဝစဉ်မသန်စွမ်း အကျိုးခံစားခွင့်

အာမခံထားသူသည် လေ့ကျင့်စဉ်နှင့် ယှဉ်ပြိုင်စဉ်ကာလ အတွင်း မတော်တဆ ထိခိုက်မှုကြောင့် ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်ပါက အာမခံထားငွေအား အကျိုးခံစားခွင့်ရှိသူသို့ တလုံးတည်းထုတ်ပေးပါသည်။

သေဆုံးမှုအကျိုးခံစားခွင့်

အာမခံထားသူသည်လေ့ကျင့်စဉ်နှင့် ယှဉ်ပြိုင်စဉ် ကာလအတွင်း မတော်တဆထိခိုက်မှုကြောင့် သေဆုံးမှုဖြစ်ခဲ့လျှင် အာမခံထားငွေအား အကျိုးခံစားခွင့်ရှိသူသို့ တလုံးတည်းထုတ်ပေးပါသည်။

လျော်ကြေး အကျုံး မဝင်သော အချက်များ

  • အာမခံထားရှိသော အားကစားသမားသည် မိမိကိုယ်တွင် ထိခိုက်မှုဖြစ်အောင် တမင်တကာ ဆောင်ရွက်ခြင်း
  • ရာဇဝတ်မှုကျူးလွန်ခြင်းကြောင့် (သို့) မူးယစ်ဆေးဝါး (သို့)အရက်သေစာ သောက်စား ခြင်းကြောင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ဆက်နွယ် ဖြစ်ပေါ်လာသည့် ထိခိုက်ဒဏ်ရာရရှိမှု
  • လက်ဝှေ့၊ ဂျူဒို၊ ကရာတေး၊ သိုင်းစသော အားကစားသများအနေဖြင့် သာမန်ဖူးယောင် ပွန်းပဲ့ခြင်း
အခြေခံအကာအကွယ်
  • ဆေးရုံတက်ခြင်းကုန်ကျမှုစရိတ် 
    ဆေးကုသရန် ရည်ရွက်ချက်ဖြင့် ဆေးရုံတက်သည့်အခါ(တစ်ယူနစ်လျှင် ဆေးရုံတက်ရက် တစ်ရက် အတွက် ကျပ် ၁၀,၀၀၀ ဖြင့် တစ်နှစ်လျှင် အများဆုံး ရက် ၆၀ အထိသာ)။
  • သေဆုံးမှုအကျိုးခံစားခွင့်
    အာမခံထားသူ သည် အာမခံသက်တမ်း အတွင်း သေဆုံးမှု ဖြစ်ခဲ့လျှင် တစ်ယူနစ် လျှင် ကျပ် ၁,၀၀၀,၀၀၀ ဖြင့် ဝယ်ယူထားသည့် ယူနစ် အလိုက် အာမခံထားငွေအား အကျိုးခံစားခွင့် ရှိသူသို့ တလုံးတည်း ထုတ်ပေးပါသည်။
အကာအကွယ် ၁
  • ခွဲစိတ်ကုသမှု စရိတ်များ အကျိုးခံစားခွင့်
    တစ်ကိုယ်လုံးမေ့ဆေး (သို့မဟုတ်) ကိုယ်တစ်ပိုင်း ထုံဆေးဖြင့် ခွဲစိတ်ကုသမှု ကိုခံယူသည့်အခါ အမှန်တကယ် တိုက်ရိုက်ကုန်ကျစရိတ်။ တစ်ယူနစ် လျှင် ကျပ် ၅၀၀,၀၀၀ ဖြင့် အများဆုံး ဝယ်ယူထားသည့် ယူနစ် အထိသာ။
အကာအကွယ် ၂
  • ဆေးခန်းပြသခြင်း
    ဆေးကုသရန် ရည်ရွယ်ချက်ဖြင့် ဆေးရုံ/ဆေးခန်း ပြသသည့်အခါတစ်ယူနစ်လျှင် ကျပ် ၂,၅၀၀ ဖြင့် အများဆုံးဝယ်ယူထားသည့် ယူနစ် အထိသာ။

လျော်ကြေး အကျုံး မဝင်သော အချက်များ

အောက်ဖော်ပြပါ ကိစ္စရပ်တခုခုနှင့် ပတ်သက်၍ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဖြစ်ပေါ်ခံစားရသော ဒဏ်ရာရခြင်း၊ ရောဂါရရှိခြင်း၊ ဆေးရုံတက်ရခြင်း၊ ခွဲစိတ်ကုသရခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း၊ သေဆုံးခြင်း၊ ဆေးရုံ/ဆေးခန်း ပြသခြင်း တို့အတွက် အကျိုးခံစားခွင့် အကျုံးဝင်မည် မဟုတ်ပါ။

  • ဆေးကုသမှုခံယူနေခြင်း၊ ဆေးကုသရန် ဆရာဝန်၏ ထောက်ခံချက်ကို ရရှိထားခြင်း၊ ရောဂါလက္ခဏာ ရှိပြီးသားဖြစ်နေခြင်း။
  • သားဖွားခြင်း၊ ဗိုက်ခွဲမွေးခြင်း၊ မီးဖွားခြင်းနှင့်ဆိုင်သော ခွဲစိတ်ကုသမှု။ သို့သော် အာမခံထားပြီးနောက် ကိုယ်ဝန်နှင့် အာမခံထားချိန်တွင် ပုံမှန်ဖြစ်နေသော ကိုယ်ဝန်ကြောင့် ဖြစ်လာသည့် တွဲဖက်ရောဂါများ (ကိုယ်ဝန်ဆိပ်သင့်ခြင်း၊ ကိုယ်ဝန်ဆောင်သွေးတိုးရောဂါ၊ ကိုယ်ဝန်ဆောင် ဆီးချိုရောဂါစသည်တို့) ကြောင့် ဆေးရုံတက်ခြင်းနှင့် ခွဲစိတ်ကုသခြင်းသည် အကျိုးခံစားခွင့် ပေးချေရန် အကျုံးဝင်သည်။ ထို့အပြင် ကိုယ်ဝန်ပျက်ကျခြင်းသည် ရွေးချယ်နိုင်သည့် အာမခံအကာအကွယ် (၁)ကို ဝယ်ယူထားပါက အကျိုးခံစားခွင့် ပေးချေရန် အကျုံးဝင်သည်။
  • စိတ်ပေါ့သွပ်ခြင်း (Psychosis)၊ စိတ်ရောဂါဝေဒနာများကြောင့် ဖြစ်ခြင်း (Mental Disorders)
  • ကျန်းမာရေးစစ်ဆေးရန်နှင့် အနားယူအားမွေးရန် ဆေးရုံတက်ခြင်း
  • သားသမီး ရလိုမှုဖြင့် ဆေးရုံတက်ခြင်းနှင့် ခွဲစိတ်ကုသခြင်း
  • မတော်တဆထိခိုက်ဒဏ်ရာရခြင်းမှအပဖြစ်သော သွားနှင့်ပတ်သက်သည့် ကုသမှုအတွက် ဖြစ်ခြင်း
  • မတော်တဆထိခိုက်ဒဏ်ရာရခြင်းမှ အပဖြစ်သော မျက်မှန်အပါအဝင် မျက်စိစမ်းသပ်ခြင်း၊ အမြင်သွေဖယ်ခြင်း၊ မျက်စိကုသခြင်း၊ အမြင်အာရုံကောင်းမွန်လာအောင် ပြုပြင်ရန်ဖြစ်ခြင်း
  • အလှအပ အတွက်ဖြစ်ခြင်း
  • နားကြားကိရိယာ တပ်ဆင်ရန်အတွက်ဖြစ်ခြင်း
  • ကိုယ်ခန္ဓာ ချို့ယွင်းခြင်း (Physical Defect) (သို့မဟုတ်) မသန်စွမ်းခြင်း (infirmity)
  • မူးယစ်ဆေးဝါးသုံးစွဲခြင်း
  • ကိုယ်တိုင်ရာဇဝတ်မှု ကျူးလွန်ခြင်း
  • AIDS/HIV ဖြစ်ခြင်း
  • အကြမ်းဖက်ဖျက်စီးခြင်း၊ အဓိကရုဏ်း၊ စစ်နှင့် စစ်အသွင်ဖြစ်ပွားခြင်း (စစ်ပြုခြင်းများ၊ စစ်ပွဲကဲ့သို့ တိုက်ခိုက်ခြင်း၊ စစ်တပ် (သို့မဟုတ်) အာဏာသိမ်းခြင်းနှင့် ဖော်ပြပါ ဖြစ်ရပ်တစ်ခုခုနှင့် တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်သော အကျိုးသက်ရောက်မှု တစ်ရပ်ရပ်ကြောင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း၊ နီးကပ်စွာသော်လည်းကောင်း၊ ဝေးလံစွာသော်လည်းကောင်း ဖြစ်ပေါ်စေသော၊ အားပေးသော၊ အခြေခံသော၊ ပေါ်ပေါက်သော မည်သည့် မတော်တဆ ဖြစ်ပွားခြင်း၊ ဆုံးရှုံးခြင်း၊ ပျက်စီးခြင်း)
  • ရောဂါကြောင့် ဆေးရုံတက်ရက်ပေါင်းသည် ၃ရက်နှင့် အောက် ဖြစ်သော ဆေးကုသမှုများ
  • လိမ်လည်တောင်းခံသည့် ဖြစ်ရပ်များ
  • မိမိကိုယ်ကိုသတ်သေခြင်း (သို့မဟုတ်) မိမိကိုယ်ကို ဒဏ်ရာအနာတရဖြစ်အောင် ပြုလုပ်ခြင်း
ပြင်းထန်သောရောဂါကုသခြင်း သို့မဟုတ် ပြင်းထန်သောရောဂါကြောင့်သေဆုံးခြင်း

အောက်ဖော်ပြပါ ပြင်းထန်သော ရောဂါ (၁၀) မျိုး ကုသမှု ခံယူရသည့်အခါ တစ်ယူနစ် လျှင် ကျပ် ၁,၀၀၀,၀၀၀ မှ ဝယ်ယူထားသော ယူနစ် အထိသာ

  • နှလုံးရပ်ခြင်း
  • လေဖြတ်ခြင်း
  • ကင်ဆာ
  • ကျောက်ကပ်ပျက်စီးခြင်း
  • အကြီးစားခန္ဒာကိုယ်တွင်း အင်္ဂါများ အစားထိုးကုသရခြင်း
  • နှလုံးအဆို့ရှင်အစားထိုးခြင်း (သို့) ပြုပြင်ခြင်း
  • လမ်းကြောင်းလွှဲ၍​နှလုံးခွဲစိတ်ကုသခြင်း
  • ပြင်းထန်စွာ မီးလောင်ခြင်း
  • သတိမေ့ခြင်း
  • ဘက်တီးရီးယားကြောင့်ဖြစ်သော ဦးနှောက်အမြှေးရောင်ခြင်း
သေဆုံးမှုအကျိုးခံစားခွင့်

အာမခံထားသူသည် အာမခံသက်တမ်းအတွင်း ပြင်းထန်သော ရောဂါ ကြောင့် သေဆုံးမှုဖြစ်ခဲ့လျှင် တစ်ယူနစ်လျှင် ကျပ် ၁,၀၀၀,၀၀၀ ဖြင့် ဝယ်ယူထားသည့် ယူနစ် အလိုက် အာမခံထားငွေ အား အကျိုးခံစားခွင့် ရှိသူသို့ တလုံးတည်း ထုတ်ပေးပါသည်။

လျော်ကြေး အကျုံး မဝင်သော အချက်များ

အောက်ဖော်ပြပါ ကိစ္စ ရပ်တခုခုနှင့် ပတ်သက်၍ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဖြစ်ပေါ်ခံစားရသော ပြင်းထန်သောရောဂါ (သို့မဟုတ်) သေဆုံးခြင်း တို့အတွက် အကျိုးခံစားခွင့် အကျုံးဝင်မည် မဟုတ်ပါ။

  • ဆေးကုသမှုခံယူနေခြင်း၊ ဆေးကုသရန် ဆရာဝန်၏ ထောက်ခံချက်ကို ရရှိထားခြင်း၊ ရောဂါလက္ခဏာ ရှိပြီးသားဖြစ်နေခြင်း။
  • စိတ်ပေါ့သွပ်ခြင်း (Psychosis)၊ စိတ်ရောဂါဝေဒနာများကြောင့် ဖြစ်ခြင်း (Mental Disorders)
  • ကျန်းမာရေးဆေးစစ်ရန်နှင့် အနားယူအားမွေးရန် ဆေးရုံတက်ခြင်း
  • အလှအပ အတွက်ဖြစ်ခြင်း
  • နားကြားကိရိယာ တပ်ဆင်ရန်အတွက်ဖြစ်ခြင်း
  • ကိုယ်ခန္ဓာ ချို့ယွင်းခြင်း (Physical Defect) (သို့မဟုတ်) မသန်စွမ်းခြင်း (infirmity)
  • မူးယစ်ဆေးဝါးသုံးစွဲခြင်း
  • ကိုယ်တိုင်ရာဇဝတ်မှု ကျူးလွန်ခြင်း
  • AIDS/HIV ဖြစ်ခြင်း
  • အကြမ်းဖက်ဖျက်စီးခြင်း၊ အဓိကရုဏ်း၊ စစ်နှင့် စစ်အသွင်ဖြစ်ပွားခြင်း (စစ်ပြုခြင်းများ၊ စစ်ပွဲကဲ့သို့ တိုက်ခိုက်ခြင်း၊ စစ်တပ် (သို့မဟုတ်) အာဏာသိမ်းခြင်းနှင့် ဖော်ပြပါ ဖြစ်ရပ်တစ်ခုခုနှင့် တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်သော အကျိုးသက်ရောက်မှု တစ်ရပ်ရပ်ကြောင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း၊ နီးကပ်စွာသော်လည်းကောင်း၊ ဝေးလံစွာသော်လည်းကောင်း ဖြစ်ပေါ်စေသော၊ အားပေးသော၊ အခြေခံသော၊ ပေါ်ပေါက်သော မည်သည့် မတော်တဆ ဖြစ်ပွားခြင်း၊ ဆုံးရှုံးခြင်း၊ ပျက်စီးခြင်း)
  • လိမ်လည်တောင်းခံသည့် ဖြစ်ရပ်များ
  • မိမိကိုယ်ကိုသတ်သေခြင်း (သို့မဟုတ်) မိမိကိုယ်ကို ဒဏ်ရာအနာတရဖြစ်အောင် ပြုလုပ်ခြင်း
  • အာမခံစသည့်နေ့ (သက်တမ်းဆက်စာချုပ်ဖြစ်ပါက သက်တမ်းမဆက်မီ စာချုပ်၏ အာမခံစသည့်နေ့) မှစပြီး ရက်ပေါင်း ၉၀ အတွင်း ရောဂါအမည် သတ်မှတ်ခံထားရသည့် ကင်ဆာဖြစ်သော အလုံးအကျိတ် (Malignant Tumor) ကိုကုသခြင်း
  • Carcinoma in situ/ Intraepithelial Neoplasm (အက်ပီသီလျှမ်အလွှာအတွင်း အလုံး အကျိတ်၊ အရေပြား၊ အသက်ရှူ၊ အစာနှင့် ဆီးလမ်းကြောင်းတို့၏ အခေါင်းအင်္ဂါလမ်းကြောင်း အားလုံးရှိ အက်ပီသီလျှမ်ဆဲလ် အလွှာတွင် အလုံးအကျိတ် ဖြစ်ပွားခြင်း။
ထိခိုက်ဒဏ်ရာရရှိမှုအကျိုးခံစားခွင့်

ထိခိုက်ဒဏ်ရာ ရရှိခြင်းအတွက် ရရှိသည့် ဒဏ်ရာပေါ်မူတည်၍ ဆရာဝန်၏ ထောက်ခံချက်ဖြင့် အာမခံထားငွေအပေါ် ရာခိုင်နှုန်းအလိုက် အကျိုးခံစားခွင့်ရရှိပါသည်။

ထာဝစဉ်မသန်စွမ်းအကျိုးခံစားခွင့်

အာမခံထားသူသည် အာမခံသက်တမ်းအတွင်း မတော်တဆထိခိုက်မှုကြောင့် ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်၍ ဝင်ငွေရရှိသော အလုပ်အကိုင်ကို လုံးဝမလုပ်ကိုင်နိုင်လျှင် အာမခံထားငွေအား အကျိုးခံစားခွင့်ရှိသူသို့ တလုံးတည်းထုတ်ပေးပါသည်။

သေဆုံးမှုအကျိုးခံစားခွင့်

အာမခံထားသူသည် မတော်တဆထိခိုက်မှုကြောင့် သေဆုံးမှုဖြစ်ခဲ့လျှင် အာမခံထားငွေအား အကျိုးခံစားခွင့်ရှိသူသို့  တလုံးတည်းထုတ်ပေးပါသည်။

လျော်ကြေး အကျုံး မဝင်သော အချက်များ

  • ကြိုတင်ကြံရွယ်ချက်ဖြင့် မိမိကိုယ်ကို ဒဏ်ရာ အနာတရဖြစ်စေခြင်း၊ မသန်စွမ်းဖြစ်စေခြင်းနှင့် သေဆုံးစေခြင်း
  • မူးယစ်စေတတ်သော ဆေးဝါးသုံးစွဲထားစဉ် (သို့မဟုတ်) သုံးစွဲခြင်းကြောင့် ဒဏ်ရာအနာတရဖြစ်စေခြင်း၊ မသန်စွမ်းဖြစ်စေခြင်း နှင့် သေဆုံးစေခြင်း
  • ရောဂါကြောင့်သေဆုံးခြင်း၊ မသန်စွမ်းဖြစ်ခြင်း
  • စစ်ဖြစ်ပွားခြင်း (စစ်ကြေညာသည်ဖြစ်စေ၊ မကြေညာသည်ဖြစ်စေ) စစ်အသွင်တိုက်ခိုက်ခြင်း၊ ပြည်တွင်းစစ်၊ ပုန်ကန်ခြင်း
  • အဓိကရုဏ်း၊ စစ်တပ် (သို့မဟုတ်) လူထုအုံကြွခြင်း၊ သောင်းကျန်းခြင်း၊ သူပုန်ထခြင်း၊ တော်လှန်ရေး၊ စစ်တပ်အာဏာသိမ်းခြင်း
  • စစ်အမိန့်ထုတ်ပြန်ခြင်း (သို့မဟုတ်) သိမ်းပိုက်ထားခြင်း၊ ပြည်တွင်းဆူပူသောင်းကျန်းခြင်း၊ ၎င်းတို့ကို ဖြစ်ပေါ်စေသော အကြောင်းရင်းများ (သို့မဟုတ်) ၎င်းတို့၏ အကျိုးဆက်များကြောင့် ဒဏ်ရာရခြင်း၊ မသန်စွမ်းဖြစ်ခြင်းနှင့် သေဆုံးခြင်း
  • ရာဇဝတ်မှုကျူးလွန်ရာမှ ဒဏ်ရာအနာတရဖြစ်ခြင်း၊ မသန်စွမ်းဖြစ်ခြင်းနှင့် သေဆုံးခြင်း
  • သူတစ်ပါး၏ လက်ချက်ကြောင့်ဖြစ်စေ၊ သူတစ်ပါး၏ ကြိုးပမ်းအားထုတ်မှုကြောင့်ဖြစ်စေ၊ ယင်းနှင့် စပ်လျဉ်း၍ ဖြစ်စေ၊ ဒဏ်ရာရခြင်း၊ မသန်စွမ်းဖြစ်ခြင်းနှင့် သေဆုံးခြင်း
ထိခိုက်ဒဏ်ရာ ရရှိမှု အကျိုးခံစားခွင့်

ထိခိုက်ဒဏ်ရာ ရရှိခြင်းအတွက် ရရှိသည့် ဒဏ်ရာပေါ်မူတည်၍ ဆရာဝန်၏ ထောက်ခံချက်ဖြင့် အာမခံထားငွေအပေါ် ရာခိုင်နှုန်းအလိုက် အကျိုးခံစားခွင့်ရရှိပါသည်။

ထာဝစဉ်မသန်စွမ်း အကျိုးခံစားခွင့်

အာမခံထားသူသည် ထိခိုက်မှုကြောင့်သော်လည်းကောင်း၊ ရောဂါကြောင့်သော်လည်းကောင်း ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်၍ ဝင်ငွေရရှိသော အလုပ်အကိုင်ကို လုံးဝမလုပ်ကိုင်နိုင်လျှင် အာမခံထားငွေအား အကျိုးခံစားခွင့်ရှိသူသို့ တလုံးတည်းထုတ်ပေးပါသည်။

သေဆုံးမှု အကျိုးခံစားခွင့်

အာမခံထားသူသည် မတော်တဆထိခိုက်မှုကြောင့်သော်လည်းကောင်း၊ ရောဂါကြောင့်သော်လည်းကောင်း သေဆုံးမှုဖြစ်ခဲ့လျှင် အာမခံထားငွေအား အကျိုးခံစားခွင့်ရှိသူသို့ တလုံးတည်းထုတ်ပေးပါသည်။

လျော်ကြေး အကျုံး မဝင်သော အချက်များ

အောက်ဖော်ပြပါ အကြောင်းကိစ္စရပ်များကြောင့် ထိခိုက်ဒဏ်ရာ ရရှိခြင်း (သို့မဟုတ်) သေဆုံးမှု (သို့မဟုတ်) ထာဝစဉ်မသန်စွမ်းဖြစ်ခဲ့သော် အာမခံအကျိုးခံစားခွင့်ရရှိမည်မဟုတ်ပါ။

  • မိမိကိုယ်ကို သတ်သေခြင်း။
  • မူးယစ်ဆေးဝါးသုံးစွဲခြင်း။
  • အာမခံထားသူစာရင်းတွင်ပါဝင်သော ဝန်ထမ်းသည် လုပ်ငန်းခွင်မှ အပြီးထွက်သွားလျှင်သော်လည်းကောင်း၊ ထုတ်ပယ်ခြင်းခံရလျှင်သော်လည်းကောင်း၊ ယင်းနေ့နောက်ပိုင်းဖြစ်ပေါ်လာသော ထိခိုက်ဒဏ်ရာရရှိမှု/ သေဆုံးမှု/ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း။
  • ဝန်ထမ်းကိုယ်တိုင် ပြစ်မှုကျူးလွန်ခြင်း။
  • ဝန်ထမ်းကိုယ်တိုင် ထိခိုက်ဒဏ်ရာရရှိအောင်ကျူးလွန်ခြင်း။