လူမှုဖူလုံရေးအဖွဲ့ မှ AMI Life ဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ပေးခဲ့ခြင်း - AMI Life

လူမှုဖူလုံရေးအဖွဲ့ မှ AMI Life ဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ပေးခဲ့ခြင်း

လူမှုဖူလုံရေးအဖွဲ့ မှ AMI Life ဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ပေးခဲ့ခြင်း

AMI Life မှာရှိတဲ့ ဝန်ထမ်းတွေအတွက် လူမှုဖူလုံရေးအဖွဲ့မှ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ပါတယ်။ နေ့စဉ်အလုပ်တာဝန်တွေနဲ့ အလုပ်များနေကြတဲ့အချိန်မှာ ကိုယ့်ကျန်းမာရေးကို စစ်ဆေးခွင့်ရရှိတာဟာ တကယ်ကို တန်ဖိုးရှိတဲ့ အထူးအခွင့်အရေးတစ်ခုပါ။🌟

ဒီလို ကျန်းမာရေးစစ်ဆေးမှုတွေက မိမိတို့ရဲ့ ကျန်းမာရေးအခြေအနေကို ပိုမိုသိရှိစေပြီး လိုအပ်တဲ့ စောင့်ရှောက်မှုတွေကို အချိန်မီ ပြုလုပ်နိုင်ဖို့ အထောက်အကူပြုပါတယ်။ ကိုယ့်ကိုယ်ကို ဂရုစိုက်ခြင်းကလည်း အလုပ်နဲ့ဘဝကို ဟန်ချက်ညီညီ ဖြတ်သန်းနိုင်ဖို့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။

AMI Life ဝန်ထမ်းတွေအတွက် ဒီလိုအခွင့်အရေးကောင်းကို ပံ့ပိုးပေးခဲ့တဲ့ လူမှုဖူလုံရေးအဖွဲ့ကို ကျေးဇူးတင်ရှိပါတယ်။ AMI Life အနေနဲ့လည်း ဝန်ထမ်းတွေရဲ့ ကျန်းမာရေးကို အစဉ်တစိုက် အလေးထားဂရုစိုက်ပေးလျက်ရှိပြီး ကျန်းမာပျော်ရွှင်တဲ့ လုပ်ငန်းခွင်တစ်ခု ဖြစ်လာစေဖို့ ဆက်လက်ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ အားလုံးပဲ ကျန်းမာပျော်ရွှင်ပြီး အလုပ်မှာလည်း အမြဲတက်ကြွနေကြပါစေ။🥰

Health Check-up for AMI Life Employees by the Social Security Board 🩺❤️

Share Now: