Our Company

AMI Life အကြောင်း

AMI Life သည် ဧရာမြန်မာအာမခံကုမ္ပဏီလီမိတက်အနေဖြင့် မြန်မာပြည်သူလူထုအား ၂၀၁၃ ခုနှစ်မှစတင်၍ အာမခံဝန်ဆောင်မှုများထောက်ပံ့ပေးလျက်ရှိပါသည်။

၂၀၁၉ ခုနှစ် အာမခံဈေးကွက်အပြောင်းအလဲ၊ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ လမ်းညွှန်မှုအရ၊ ဧရာမြန်မာအာမခံကုမ္ပဏီသည် အသက်နှင့် အထွေထွေအာမခံ သီးခြားကုမ္ပဏီများအဖြစ်ရပ်တည်နိုင်ရန်ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး၊ အထွေထွေအာမခံလုပ်ငန်းသည် ဂျပန်နိုင်ငံ၏ အကောင်းဆုံးအာမခံကုမ္ပဏီများမှ တစ်ခုဖြစ်သော ဆွမ်ပိုအာမခံကုမ္ပဏီဖြင့်ပူးပေါင်း၍ ဧရာဆွမ်ပိုအထွေထွေအာမခံကုမ္ပဏီလီမိတက်အဖြစ်လည်းကောင်း၊ မိမိတို့သည် AMI Life အဖြစ် အသက်အာမခံအကာအကွယ်များအားလည်းကောင်း၊ အာမခံအကာအကွယ်များ ထိရောက်လျှင်မြန်စွာထောက်ပံ့ပေးနိုင်ရန် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

AMI Life ၏ အာမခံဆက်သွယ်ဝယ်ယူသူများနှင့် မိတ်ဖက်ကုမ္ပဏီများအနေဖြင့်၊ မိမိတို့၏ တိုးတက်ကောင်းမွန်သော လုပ်ငန်းဆောင်ရွက်မှုနည်းလမ်းများ၊ သတင်းပို့အဖွဲ့အစည်းများ၏ ညွှန်ကြားချက်များအား တိကျစွာလိုက်နာဆောင်ရွက်နိုင်မှုများကြောင့် အစဉ်တစိုက် အကျိုးဖြစ်ထွန်းလျက်ရှိပြီး ၊ ယင်းအကျိုးရလဒ်များသည် မိမိတို့လုပ်ငန်းဆက်လက်အောင်မြင်အောင်လုပ်ဆောင်နိုင်ရန် တွန်းအားများဖြစ်စေပါသည်။ AMI Life သည် မိမိတို့၏ အာမခံဆက်သွယ်ဝယ်ယူသူမိဘပြည်သူများ၏ တစ်သက်တာ လက်တွဲအားထားရာ အသက်အာမခံတစ်ခုအဖြစ်ဆက်လက်ရပ်တည်သွားနိုင်ရန် အစဉ်တစိုက် ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။

Our Purpose

“ပိုမိုကောင်းမွန်သောမနက်ဖြန်များအတွက်၊ ယနေ့သင်နှင့်အတူ”

AMI Life သည် မြန်မာနိုင်ငံ၏လုပ်သားပြည်သူများအတွက် အလိုအပ်ဆုံးနှင့် နားလည်အလွယ်ကူဆုံးသော အာမခံအကာအကွယ်များအား ထောက်ပံ့ဆောင်ရွက်ပေးနိုင်ရန် အစဉ်တစိုက်ကြိုးပမ်းအားထုတ်လျက်ရှိသည်။ မိမိတို့သည် အာမခံဆက်သွယ်ဝယ်ယူသူ မိဘပြည်သူများအား အကောင်းဆုံး၀န်ဆောင်မှုပေးနိုင်ရန်နှင့် ပိုမိုကောင်းမွန်သော အနာဂတ် ၀န်ဆောင်မှုများအတွက် မိမိတို့၏၀န်ထမ်းများ၊ လုပ်ငန်းဆောင်ရွက်မှုများနှင့် မိမိတို့လူမှု၀န်းကျင်တိုးတက်မှုများအား အထူးကြိုးစားတည်ဆောက်လျက်ရှိပါသည်။

Our Values

Respect

We cultivate the power of diversity within the organisation and value everyone’s contribution in our business.

R

Integrity

We conduct our business with honesty and transparency.

I

Service

We act to offer the most efficient solutions by prioritising empathy and humanity.

S

Excellence

We conduct our businesses with the highest standard of behaviour, acting in honesty and fairness in all our aspect of work.

E

Our Visions

မိမိတို့၏ အာမခံဆက်သွယ်ဝယ်ယူသူမိဘပြည်သူများ၏ တစ်သက်တာ လက်တွဲအားထားရာ အသက်အာမခံတစ်ခုအဖြစ် ယုံကြည်မှုတည်ဆောက် သွားရန်

Our Brand

လင်းလက်ကြယ်ပုံစံမှာ AMI Life သည် အမှောင်ဆုံးညတွေမှာ လမ်းပြကြယ်အဖြစ်တည်ရှိနေမည်ဟုအဓိပ္ပာယ်ဖော်ဆောင်သည်။

အသည်းပုံစံမှာ AMI Life သည် မိမိတို့၏ အာမခံဆက်သွယ်ဝယ်ယူသူများကိုအလေးထားပြီး တစ်သက်တာလက်တွဲအားထားရာ အသက်အာမခံတစ်ခု အဖြစ် ယုံကြည်မှုတည်ဆောက်သွားမည်ဟု အဓိပ္ပာယ်ဖော်ဆောင်သည်။

ယင်းနှစ်ခုပေါင်းစည်းပြီး AMI Life သည် မိမိတို့၏အာမခံဆက်သွယ်ဝယ်ယူသူများအတွက် အတောက်ပဆုံးလူမှုဝန်းကျင်တစ်ခုအဖြစ် တစ်သက်တာလက်တွဲအားထားနိုင်ရန် တည်ဆောက်သွားမည်ဟု အဓိပ္ပာယ်ဖော်ဆောင်ပါသည်။