၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ဧရာမြန်မာအသက်အာမခံကုမ္ပဏီရှိ ဌာနဆိုင်ရာအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသော AMI Life ဝန်ထမ်းမိသားစုဝင်များ၏ ကျောင်းနေအရွယ် သားသမီး ကျောင်းသား၊ကျောင်းသူ (၂၄) ဦးအတွက် ပညာရေးထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို မေလ ၂၄ ရက်နေ့တွင် AMI Life ရန်ကုန်ရုံးချုပ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် အုပ်ချုပ်မှုဒါရိုက်တာမှ နောင်နှစ်များတွင်လည်း ပညာရေးအတွက်ပိုမိုကောင်းမွန်သော ထောက်ပံ့မှုများ ပံ့ပိုးပေးနိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်းနှင့် သားငယ်သမီးငယ်များအားလုံး အနာဂတ်ပညာရေးခရီးလမ်း ဖြောင့်ဖြူးသာယာ၍ ပညာဂုဏ်သတင်းမွှေးပျံ့ကြပါစေကြောင်း ဆုတောင်းစကားပြောကြားခဲ့ပါသည်။