AMI Life News

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (33rd SEA Games) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ရွေးစင်အားကစားသမားများအတွက် အာမခံအကာအကွယ် ပေးအပ်ခြင်းအခမ်းအနား

ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်နေသည့် (၃၃) ကြိမ်မြောက်၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံကိုယ်စားပြု လက်ရွေးစင်အားကစားသမားများအတွက် အားကစားသမားကိုယ်အင်္ဂါထိခိုက်မှုအာမခံ (Sportsman Life Insurance) အာမခံအကာအကွယ်ပေးအပ်ခြင်း သဘောတူညီမှု စာချွန်လွှာအား လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့တွင် Novotel Yangon Max Hotel ၌ ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဉီးကျော်ဉီးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းအောင်တို့ တက်ရောက်ခဲ့ကြပါသည်။
ယခုလို နိုင်ငံတော်ရဲ့ အားကစား ကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် AMI Life မှ ဝိုင်းဝန်းကူညီပံ့ပိုးခွင့်ရသည့်အတွက် များစွာ ဂုဏ်ယူမိပါကြောင်းနှင့် အားကစားသမားများ ယှဉ်ပြိုင်ရာတွင် အခက်အခဲမရှိအောင်မြင်စွာ ယှဉ်ပြိုင်နိုင်ပြီး နိုင်ငံ့ကိုယ်စားပြုအောင်မြင်မှုဆုတံဆိပ်များကို ဆွတ်ခူးနိုင်ပါစေကြောင်း၊ အားကစားသမားများအတွက် အာမခံအကာအကွယ်ပေးအပ်ရခြင်း ရည်ရွယ်ချက်တို့ကို ဧရာမြန်မာအသက်အာမခံကုမ္ပဏီမှ Managing Director ဦးကျော်လွင်မြင့်မှ ရှင်းလင်းပြောကြားခဲ့ပါသည်။

Share Now: