Search
Close this search box.
Search
Close this search box.

Health & Wellness

ပျိုမေတို့ရဲ့လှပမှုနဲ့ နွေရာသီ

နွေရာသီရဲ့ နေအပူဒဏ်ကို အံတုပြီး ကျန်းမာလှပနိုင်ဖို့ဆိုတာ ပျိုမေတိုင်းအတွက် အရေးကြီးပါတယ်။  

ပူပြင်းတဲ့ရာသီဉတုကို ကူးပြောင်းနေတဲ့အချိန်မှာ ကျန်းမာလှပနေဖို့က အရမ်းတော့ လွယ်ကူတဲ့အရာမဟုတ်ပေမဲ့ နွေရာသီမှာလဲ လှပသွက်လက်နေတဲ့ ပျိုမေလေးဖြစ်ဖို့ ဒီအချက်တွေကို လိုက်နာဖို့လိုအပ်ပါတယ်။ 

  • ရေဓာတ်ဖြည့်တင်းပါ 
  • နွေရာသီမှာ အသားအရည်ကြည်လင်စိုပြေနေစေဖို့ ရေဓာတ်ကိုမလျော့ကျအောင် ဂရုစိုက်သင့်ပါတယ်။ တစ်နေ့ကို အနည်းဆုံး ရေ (2) လီတာသောက်ပါ။ 
  • လတ်ဆတ်တဲ့သစ်သီးဝလံများစားသုံးပါ 
  • နွေရာသီမှာ ရေဓာတ်ပြည့်ဝပြီး လှပနေဖို့ ဗီတာမင်ကြွယ်ဝပြီး အရည်ရွှမ်းတဲ့ အသီးတွေကို စားသုံးပေးသင့်ပါတယ်။ 
  • နေလောင်ကာခရင်မ်ကို ဂရုစိုက်လိမ်းပါ
  • အသားအရည်ကို နေရောင်ကြောင့်ထိခိုက်မှုမဖြစ်စေဖို့ Suncream ကို SPF 30+ အသုံးပြုပြီး 2 နာရီခြားတခါ ဂရုစိုက်လိမ်းပေးပါ။ 
  • ဆံသားကိုဂရုစိုက်ပါ 
  • နွေရာသီမှာ ဆံသားခြောက်တာကိုသက်သာစေဖို့ Haircare ကို ဂရုစိုက်ပါ။ Hair oil/ Serum တို့ကိုသုံးပေးပါ။ 
  • အရေပြားကိုဂရုစိုက်ပါ

အသားအရည်က နေပူဒဏ်နဲ့မတည့်တာမျိုးဖြစ်တတ်ရင် ဆရာဝန်တွေနဲ့ သေချာပြသပြီး ကုသမှုခံယူသင့်ပါတယ်။ 

နွေရာသီရဲ့ နေအပူဒဏ်ကိုအံတုပြီး ကျန်းမာပျော်ရွှင်တဲ့ ပျိုမေလေးဖြစ်ဖို့ အပြင်သွားတိုင်း ထီး၊ရေဘူး၊မျက်မှန် တို့ကို မဖြစ်မနေယူဆောင်သွားဖို့မမေ့ပါနဲ့နော် ။ 

Share Now: